ဆောင်းပါး
-
ငလျင်ကြောင့် အမောဆို့သွားတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ
ဂျီဂျီ/MFP၊ ဆောင်းပါး အလုပ်ရုံတည်ဆောက်လိုက်လို့ ငွေမော၊ လူမော ဖြစ်ခဲ့ရပြီး အမောမပြေခင်မှာဘဲ နောက်ထပ် အမောဆို့စရာ အဖြစ်အပျက်နဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် ကိုသက်(အမည်လွှဲ) က ပြောပါတယ်။ အကြောင်းရင်းကတော့ မတ်လ ၂၈ ရက်က…
Read More » -
“ကသာ မှသည် ဗန်းမော်ဆီသို့” ကသာမြို့သိမ်းတိုက်ပွဲ ဘယ်ဆီဦးတည်နေလဲ
ဆောင်းနွေဦး၊Reddy Simon/ MFP – ဇန်နဝါရီ – ၅ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ နာမည်ကျော် (က)သုံးလုံးခရိုင်၊ ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေအကြား ဒီဇင်ဘာလ ၂၈ ရက်ကနေ ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန် နေပါတယ်။ စစ်အုပ်စုရွေးကောက်ပွဲနေ့ ကစလို့ သေနတ်သံတဖန်ညံခဲ့တဲ့ ကသာမြို့နယ်ဟာ မြို့သိမ်းတိုက်ပွဲ အသွင် ဆောင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက ကြုံးဝါးထားပါတယ်။ ဒီတိုက်ပွဲမှာ ကချင်လွတ် မြောက်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကွန်မြူနစ်ပါတီရဲ့တပ် (PLA)တို့အပြင် မကြာသေးခင်မှစုစည်းခဲ့တဲ့ SRA အဖွဲ့တို့ ပါဝင်ကြတာဟာထူးခြားချက်ပါ။ စစ်အုပ်စုကလည်း ကသာမြို့ ရဲ့အနောက်တောင်ဘက်မှာရှိတဲ့ ခမရ–၃၀၉ တပ်ရင်းအပါအဝင် အထိုင်စခန်းတွေကို လက်မလွှတ်ရဖို့အတွက် လေကြောင်းနဲ့လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ကာ အပြင်းအထန်ခုခံနေဆဲဖြစ်ပါတယ်။ ကသာမြို့ ရဲ့ နောက်ဆုံးရ တိုက်ပွဲတွေအခြေအနေနဲ့ ဒီဒေသဟာ စစ်ရေးအရ ဘယ်လောက် အရေးပါ သလဲစတဲ့ အခြေအနေတွေကို MFP က စုစည်းဖော်ပြလိုက်ပါတယ်။ ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းရဲ့ ခရိုင် ရုံးစိုက်ရာ မြို့တစ်ခုလည်းဖြစ်သလို စစ်ကိုင်း တိုင်းကနေကချင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ တစ်ခုတည်းသောရေလမ်းကြောင်း ဝင်ပေါက် ရှိနေပါတယ်။ ဒီရေကြောင်းခရီးဟာ စစ်ရေးအရ အင်မတန်အရေးကြီးကြောင်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အတွင်း ကသာမြို့နဲ့ ထီးချိုင့်အနီးတဝိုက် ဧရာဝတီမြစ်တွင်း ရေကြောင်းတိုက်ပွဲတွေက သက်သေပါပဲ။ ။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်အုပ်စုတပ်ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ကချင်ပြည်နယ်အထိကို လူ၊လက်နက်၊ရိက္ခာစတဲ့ ထောက်ပို့ရေးတွေမျာ ရေလမ်းကြောင်းကိုအဓိကအားကိုးအသုံးပြု နေခဲ့တာပါ။ စစ်ကောင်စီက ၂၀၂၄ ခုနှစ်အတွင်း ဒီဒေသတဝိုက် ဧရာဝတီမြစ်ဘေးကမ်းကျေးရွာတွေကို လေယာဉ်၊ စစ်သင်္ဘောတွေ ဘက်စုံ အသုံးပြုပြီး တိုက်ခိုက်မှုပြုလေ့ရှိခဲ့ရာကနေ ၂၀၂၅ မှာမြေပြင် ထိုးစစ်ဆင်နိုင်မှု လျော့နည်းလာခဲ့ပါတယ်။ ကသာမြို့သည်ရေကြောင်းပို့ဆောင်ရေးအရေးပါသောမြို့ဖြစ်ပြီး စစ်ကိုင်းနှင့်ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည်။ ဓာတ်ပုံ/ Internet လက်ရှိအချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ကသာမြို့ကို သိမ်းယူနိုင်ပြီးရင် အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့အခွင့်အရေးတစ်ရပ်ပါ။ ကချင်လွတ်မြောက်ရေးတပ်(KIA)ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ပွဲကို “ကသာ ကနေ ဗန်းမော်ဆီသို့” လို့ ညွှန်းဆိုပြီးပြောပါတယ်။ “ တပ်စခန်းတချို့ သိမ်း ရတယ်ဆိုတဲ့ သတင်းတွေကတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ စခန်းငယ်လေးတွေတော့ သိမ်းရတာရှိပါတယ်။ ပင်မစခန်းတွေသိမ်းရတယ်ဆိုတာတော့ မကြားရသေးပါဘူး” လို့ ဗိူလ်မှူးကြီးနော်ဘူက MFP ကို အခုလိုဆက်ပြီး ပြောပါတယ်။…
Read More » -
တရုတ်နှင့်အမေရိကန်သိပ္ပံပညာအားပြိုင်ပွဲ – အသံထက်မြန်တဲ့ငလျင်ဆိုတာဘာလဲ?
Reddy Simon/MFP – ဇန်နဝါရီ – ၃ ၂၀၂၅ မြန်မာငလျင်ကြီးကိုစူပါပါဝါနှစ်နိုင်ငံက သုတေသီတွေ အပြိုင်အဆိုင် လေ့လာခဲ့ကြကြောင်း Science မဂ္ဂဇင်းကိုကိုးကားပြီး စုစည်းတင်ပြခဲ့ပါတယ်။ နောက်ဆုံး သုတေသနမှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးဟာ အသံထက် လျင်မြန်တဲ့ Supershear Rupture ဖြစ်စဉ်ဆိုတာကို နှစ်ဖက်လုံး ချွင်းချက်မရှိ သဘောတူခဲ့ကြကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ မြေငလျင်ကော်မတီရဲ့ ပညာရှင် ဒေါက်တာမျိုးသန့်က Supershear ဖြစ်စဉ်ဆိုတာကို အခုလို ရှင်းပြပါတယ်။ရှင်းလင်းစွာ နားလည်ဖို့အတွက် ငလျင်လှိုင်း (Seismic Wave) နဲ့ မြေလွှာချပ် ပြတ်ရွေ့မှု (Rupture) ကို ခွဲခြားပြောထားပါတယ်။ “ပုံမှန်ငလျင်မှာ ပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် တွန်းနေတဲ့အတွက် ငလျင်လှိုင်း (Seismic Wave) တွေကို ထုတ်လွှတ်ပေးတယ်။ ရေထဲကို ခဲပစ်ချသလို လှိုင်းတွေပေါ့။ ဒီလှိုင်းတွေမှာ အလျင် (Velocity) ရှိတယ်” “Rupture ကကျတော့ ဒီပြတ်ရွေ့နှစ်ခု ဟိုဘက်ဒီဘက် ပြတ်ထွက်သွားတာပေါ့။ ဦးတည်ချက် (Direction) နှစ်ခုပဲ ရှိမယ်။ ဒီပြတ်ထွက်မှုမှာလည်း အလျင် (Velocity) ရှိတယ်” လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။ သာမန်ငလျင်တွေမှာ ငလျင်လှိုင်းတွေက တိုင်းတာရေးစခန်းဆီ အရင်ရောက်လာတတ်ပါတယ်။ ဒါပေမဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ငလျင်မှာ ငလျင်လှိုင်းရဲ့ အလျင် (Velocity) ထက် မြေလွှာပြတ်ရွေ့မှုရဲ့ အလျင် (Velocity) က အရင်ရောက်လာတာကြောင့်ဒီဖြစ်စဉ်ကို Supershear (အသံထက်မြန်သော ငလျင်) လို့ ခေါ်ဆိုတာ ဖြစ်ကြောင်း ဒေါက်တာမျိုးသန့်က MFP ကို ရှင်းပြပါတယ်။ “နေပြည်တော်မှာ ငလျင်တိုင်းစက်စခန်း ရှိတယ်။ ထိုနည်းတူစွာပဲ မန္တလေးမှာလည်း စခန်းရှိတယ်။ အဲဒီ နေပြည်တော်စခန်းသည် စစ်ကိုင်းပြတ်ရွေ့ပေါ်မှာ ရှိနေတယ်။ အဲဒီစခန်းတွေကို ငလျင်လှိုင်း (Seismic Wave) ကလည်း လာတယ်။ Rupture ကလည်း ‘” ဗြောင်း”ဆို ကျိုးပြီးတော့ ပြတ်သွားတဲ့ Velocity ရောက်လာတယ်။ Rupture ရောက်လာတဲ့ အချိန်က ငလျင်လှိုင်း မရောက်ခင် အရင်ရောက်သွားတယ်။ ဒါကို Supershear လို့ ကျွန်တော်တို့က ခေါ်တယ်” လို့ သူက ရှင်းပြပါတယ်။…
Read More » -
မန္တလေးငလျင်ကြီး အပေါ် တရုတ်နှင့်အမေရိကန် သိပ္ပံပညာအားပြိုင်ပွဲ
Reddy Simon၊ MFP – ဇန်နဝါရီ – ၂ ၂၀၂၅ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးချိန်ကစလို့ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံ သုတေသနပညာရှင်များဟာ အဆင့်မြင့် နည်းပညာတွေကိုယ်စီ အသုံးပြုပြီး ပူးပေါင်းဆောင်ရွက်မှုရော၊ အပြိုင်အဆိုင် လေ့လာမှုတွေပါပြုလုပ်ခဲ့ကြပါတယ်။ အထူးသဖြင့်…
Read More » -
နာဂစ်ခြေဥ၊ ငလျင်ရွေးကောက်ပွဲ၊ နောက်ငါးနှစ်စာ ခန့်မှန်းနိုင်ပါပြီ
Reddy Simon /MFP – ဒီဇင်ဘာ ၂၈ လူပေါင်းများစွာ သေကြေဒုက္ခရောက်ခဲ့ကြတဲ့ မန္တလေးငလျင်ကြီး ၉ လပြည့်၊ဒီနေ့ ကို ရွေးကောက်ပွဲနေ့အဖြစ် ရွေးချယ်တာဟာ တော်ရုံတိုက်ဆိုင်မှုမျိုးတော့ ဟုတ်ဟန်မတူပါဘူး။ အာဏာရဲ့ ဦးစားပေးချက်က ဘာလဲဆိုတာ ပြသနေပါတယ်။…
Read More » -
စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲ : ကျည်ဆံကြားက မဲပြား
MFP အဖွဲ့၊ ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ အားကောင်းရာ စစ်ကိုင်းတိုင်းရဲ့ ရွေးကောက်ပွဲမျက်နှာစာက အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကိန်းဂဏန်းအရေအတွက်ကို ပြနေပါတယ်။ တိုင်းတစ်ခုလုံးရဲ့ (၈၀) ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲမလုပ်နိုင်ပေမဲ့ ဒါကိုပဲ ပြည်သူ့ဆန္ဒအဖြစ် နိုင့်ထက်စီးနင်း ခေါင်းစဉ်တပ်ခြင်းကို စစ်ကိုင်းတိုင်းမှာ…
Read More » -
ရွေးကောက်ပွဲ မဲမပေးတဲ့သူ ဖမ်းလို့ရသလား
ရေးသူ – ဖိုးချို (MFP)၊ အတွေးအမြင်ဆောင်းပါး၊ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲမှာ မဲမပေးရင် ဘာဖြစ်မှာလဲ၊ အဖမ်းခံရမှာလား ဆိုတဲ့ စကားက ပြည်သူအချင်းချင်းကြား တိုးတိုးတိတ်တိတ် အမေးများနေတဲ့ မေးခွန်းပါ။ ရွေးကောက်ပွဲ မဲမပေးတာက…
Read More » -
မကွေးတိုင်းရွေးကောက်ပွဲသတင်းပေးပို့ချက် : မဲပုံးနှင့် စစ်ခေါ်သံ
Reddy Simon၊ အီသာရမ် − ဒီဇင်ဘာ ၂၇ တော်လှန်ရေးတပ်တွေ မကြာသေးခင်ကမှ စတင်လိုက်တဲ့ မကွေးတိုင်းက မြို့ (၆) မြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်ဟာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပမည့်အချိန် တစ်လျှောက်လုံး (ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အတွင်း) စစ်တပ်ကို မနားတမ်း ဖိအားပေးဖို့နဲ့ မြို့တွေကို သိမ်းဖို့ထိ ရည်ရွယ်ထားကြောင်း ထုတ်ပြောလာပါတယ်။ ဒီစစ်ရေးလှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မကွေးတိုင်းအတွင်းက ဒေသနှစ်ခု ဖြစ်တဲ့ စလင်းနဲ့ ဆင်ဖြူကျွန်း မှာဒေသခံတွေ နေ့ချင်းပဲ ပြောင်းရွေ့ကုန်ပြီးမြို့ထဲမှာ မဲပေးသူ မရှိနိုင် တော့ဘူးလို့ ဆင်ဖြူကျွန်းမြို့က ပရဟိတအသင်းတခုမှာ လုပ်ကိုင်နေသူကဆိုပါတယ်။ …
Read More » -
ငလျင်ကဖျက်၊စနစ်ကသတ်နေသည့် မြန်မာ့ရှေးဟောင်းအမွေအနှစ်များ
ဂျီဂျီ/MFP – ဒီဇင်ဘာ ၂၀ ငလျင်ဗဟိုချက်ပေါ်က မြန်မာ့အမွေအနှစ်တွေ ပုံစံပျက်ယွင်းသွားတာ၊ ဘုန်းဘုန်းလဲ ပြိုကျတာ၊ မွမွကြေ ပျက်စီးတာ၊ ဖျက်ဆီးခံလိုက်ရတာတွေ အားလုံးဟာ တန်ဖိုးသိသူ ပညာရှင်တွေရဲ့ နှလုံးသားကို အင်အားပြင်းပြင်းနဲ့ ထိုးနှက်လိုက်သလို ခံစားရစေခဲ့ပါတယ်။ နှစ် (၁၀၀) ဝန်းကျင်မှာ လှုပ်ခတ်လေ့ရှိတဲ့ မန္တလေးငလျင်ကြီးက ချေမှုန်းလိုက် တဲ့ အဆောက် အအုံတွေထဲမှာ လူနေအိမ်တွေသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတွေ၊ ကမ္ဘာ့အမွေအနှစ် ပဏာမစာရင်းဝင် မြို့တော်ဟောင်းတွေ၊ ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေ၊ သမိုင်းကြောင်း၊ ဗိသုကာနဲ့ အနုလက်ရာ တန်ဖိုးကြီးမားလှတဲ့ ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ၊စေတီပုထိုးတွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒုတိယအများဆုံးနဲ့ တတိယအများဆုံးရှိတဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဟာငလျင်ဗဟိုချက်ရဲ့ အဓိကနေရာဖြစ်နေတာက မရှောင်လွှဲနိုင်တဲ့ အကြောင်းတရားဖြစ်နေခဲ့ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ကျိုက်လတ်ချောင်စေတီ၊ ဓာတ်ပုံ−ဖေ့ဘုတ် မန္တလေးတိုင်းတခုလုံးအတွင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရယ်လို့ သတ်မှတ်ထားတဲ့ နယ်မြေ (၁၀) ခုရှိတဲ့ အထဲက (၈) ခု၊ ရှေးဟောင်းအဆောက်အအုံပေါင်း (၂,၅၆၂) ခုရှိတဲ့အထဲက (၁,၅၂၈) ခု ထိခိုက်ပျက်စီးခဲ့တာကြောင့် ၆၀ ရာခိုင်နှုန်းခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။ ဒါက ဒေသတစ်ခုအတွက် အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဆုံးရှုံးမှုဖြစ်ပါတယ်။ ဒီနယ်မြေ (၁၀)ခုအတွင်းမှာ အထိခိုက်အပျက်စီးမှု…
Read More »
