မကွေး

  • ပုဂံမြို့ တစ်ဖက်ကမ်းက မြစ်ခြေမြို့ကို စစ်အုပ်စုက ပေါင်သုံးရာဗုံးနှစ်လုံး ဆက်တိုက်ပစ်ခတ်၊ဗုံးကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်နဲ့စားသောက်ဆိုင်တချို့ ထိခိုက်ပျက်စီး

    အီသာရမ်/MFP ၊ ဇန်နဝါရီ-၁၃ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့ပေါ်ကို စစ်အုပ်စုက ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ပေါင်သုံးရာဗုံးနှစ်လုံး အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စားသောက်ဆိုင်တစ်ဆိုင်နဲ့နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို…

    Read More »
  • အမ်း-ပဒါန်းလမ်းနဲ့ ပုသိမ်-မုံရွာလမ်း စစ်ဆင်ရေးတွေမှာ စစ်သုံ့ပန်း ၁၆ ယောက် ဖမ်းမိပြီး အလင်းဝင်သူ ၁၃ ယောက် ရှိ၊

    အလင်းဝင်လာသူတွေက SF/SAF ရဲဘော်အဖြစ် စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်နေ၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁၂ ရခိုင်ပြည်နဲ့ မကွေးတိုင်းအစပ် ဒေသတွေ ဖြစ်တဲ့ အမ်း – ပဒါန်းလမ်းနဲ့ ပုသိမ် – မုံရွာလမ်း…

    Read More »
  • စလင်းမြို့မှာ စစ်အုပ်စုက မြို့ပေါ် ရွေးကောက်ပွဲလုပ်ပြီး ရွာတွေကို လက်နက်ကြီး ထု၊

    တော်လှန်ရေးတပ်က စလင်းမြို့ပေါ်ရှိ စစ်အုပ်စုကို ရှော့တိုက်ဒုန်းနဲ့ ပြန်ပစ်ခတ်၊ စစ်အုပ်စုက စစ်ဘေးရှောင်တွေကို နှစ်ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲလို့ လူ ၂၀ ကျော် ဒဏ်ရာရ၊ MN/MFP ၊ ဇန်နဝါရီ – ၁၁ မကွေးတိုင်း၊…

    Read More »
  • ဘူးလက်လှဆွေရဲ့ မြောက်ခင်ရန်း ပျူရွာ အပါအဝင် ဂန့်ဂေါနယ် စစ်စခန်းတွေကို တိုက်ခိုက်၊

    စစ်အုပ်စုနဲ့ပျူ ၄၀ ကျော် သေပြီး သေနတ်ရှစ်လက် အပါအဝင် ခဲယမ်းတွေ ရရှိ၊ တေဇ/MFP၊ ဇန်နဝါရီ – ၁၀ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ဘူးလက်လှဆွေ အခြေပြုရာ မြောက်ခင်ရန်းရွာ ပျူစခန်း အပါအဝင် ယောဒေသရှိ…

    Read More »
  • “စစ်လက်နက်ကပြောသောသတင်းစကား” မကွေးတိုင်း၏ကပစဖြတ်တောက်ရေးဆော်ဩချက်

    စစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၄) ခု လျှပ်စစ်ပြတ်တောက်နေပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကပစစက်ရုံများကို ဖြတ်တောက်ရေး မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ က ဆော်ဩနေပါတယ်။ အီသာရမ် /MFP၊ ဇန်နဝါရီ – ၁၀ နှစ်သစ်ပထမပတ်အတွင်းမှာပဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတစ်ဝန်းကို နှုတ်ခွန်းဆက်နေပါတယ်။ဇန်နဝါရီလ (၇) ရက်နေ့က ချောင်းဦးမြို့နယ်မှာ ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၀၀ ဗုံးသီးကြဲချရာ ကံကောင်းလို့ မပေါက်ကွဲခဲ့ဘဲလူသေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးသီးရဲ့ ထုတ်လုပ်ရက်စွဲက နှစ်ပတ်ခန့်ပဲ ရှိသေးတဲ့ စက်ရုံထုတ် အသစ်စက်စက်ဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက “ကပစ” တွေ အလုပ်များနေပြီလို့ ယူဆစရာ ရှိလာပါတယ်။ “ကျွန်တော်တို့ဘက်တွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ထားပါတော့ ၂၀၂၅ ခုနှစ်လပိုင်းမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့ထောက်ပံ့တဲ့ လေကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲပြီးလို့ ကျည်ဆန်ခွံတွေပဲ ကြည့်လိုက်၊ ၂၀၂၅ ခုနှစ်လပိုင်းကျည်တွေနဲ့ဆိုတော့ ကျွန်တော်တို့သုံးသပ်မိတာက ဒီကောင်တွေမှာလည်း နှင်းကြမ်းထုတ်နေရတဲ့ ပုံစံမျိုးပေါ့ လက်နက်ခဲယမ်းတွေကို။ သူတို့ရဲ့ ထုတ်လုပ်မှုကိုရပ်တန့်နိုင်ရင် သူတို့ရဲ့ Firing Power (ပစ်ခတ်မှုအား) လျော့ကျလာမယ်” လို့ မကွေးဒေသ က တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်းMFP ကို ပြောပါတယ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီအခြေအနေမှာ ကပစ စက်ရုံတွေကို ဖြတ်တောက်ရေးအင်တိုက်အားတိုက် လုပ်ဆောင်ဖို့ သူက ယခုလို ဆော်ဩပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်၊ ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ် တပ်ဖွဲ့တွေဟာ ၎င်းတို့နယ်မြေတွေမှာရှိတဲ့ ကပစစက်ရုံ လေးရုံရဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီးနောက် ဒီစက်ရုံတွေမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ဘူးလို့ MFP ကို ပြောပါတယ်။ ၂၀၂၅ဒီဇင်ဘာ ၂၈ ခုနှစ်မှာ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါသေးတယ်။  မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ဒေသတွင်းက ဒီလက်နက်စက်ရုံတွေကိုတိုက်ခိုက်ဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့ ဖြတ်တောက်ရေး နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၄ ဧပြီလနဲ့ ဇူလိုင်လတွေမှာကပစ (၂၄) နဲ့ (၂၁) တို့ကို အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မကွေးတိုင်းအတွင်းက ကပစ ဓာတ်အားပေးတိုင်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။ လက်ရှိမှာ မကွေးတိုင်းအတွင်းက နာမည်ကျော် ကပစ (၂၁)၊ (၂၂) အပြင် နာမည်ကျော် ကပစ ဖြစ်တဲ့ (၂၄) နဲ့အတူ (၂၅) ကိုလျှပ်စစ်မီး ဖြတ်တောက်ထားနိုင်တာကြောင့် သုံးနှစ်အတွင်း အထိရောက်ဆုံး တိုက်ခိုက်မှုလို့ ယူဆနိုင်ပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တစ်ခုတွင် စစ်ဆေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ပုံဟောင်း)…

    Read More »
  • သောက်သုံးရေ‌ရှားပါး ပြတ်လပ်နေတာကြောင့် ပေါက်နယ်က စစ်ဘေးရှောင်တွေ အရေပြားရောဂါခံစားနေရ၊

    အီသာရမ်/MFP ၊ ဇန်နဝါရီ-၆ မကွေးတိုင်း‌ ပေါက်မြို့နယ်က ရက်ရှည်စစ်ရှောင်နေကြရတဲ့ စစ်ဘေးရှောင်ကလေးတွေမှာ သောက်သုံးရေရှားပါးတာကြောင့် အရေးပြားရောဂါဝေဒနာတွေ ခံစားနေရပြီး စားနပ်ရိက္ခာ၊အမိုးအကာနဲ့ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ပေါက်မြို့နယ် လူသားစာနာက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ပေါက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ စစ်အုပ်စုရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့်…

    Read More »
  • နိုင်ငံတစ်ဝန်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ၁၇၆ ဦးသေဆုံး၊ ၃၀၀ ကျော်ဒဏ်ရာရကြောင်း MDIS ထုတ်ပြန်၊စစ်ကိုင်းတိုင်းဟာ တစ်လအတွင်း အကြိမ်ရေ ၅၀ အထိ လေကြောင်းတိုက်ခိုက်ခံခဲ့ရ၊

    ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၅ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကချင်နဲ့ ရခိုင်ပြည်နယ်စတဲ့ နိုင်ငံတစ်ဝန်းက မြို့နယ်တွေမှာ ဒီဇင်ဘာလ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၁၉ ကြိမ်ရှိခဲ့ပြီး လူပေါင်း ၁၇၆ဦး သေဆုံးကာ၊…

    Read More »
  • နတ်မောက် – ပျော်ဘွယ် လမ်းမှာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့ စစ်အုပ်စုကားကို ပစ်ခတ်ရာ အရာရှိအဆင့် အပါအဝင် နှစ်ယောက် သုတ်သင်နိုင်၊

    စစ်အုပ်စု တစ်ယောက်က ပြည်သူကို သေနတ်ထောက်ပြီး ကားလုယက်ကာ မောင်းပြေးသွား၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂ မကွေးတိုင်း နတ်မောက်မြို့နဲ့ မန္တလေးတိုင်း ပျော်ဘွယ်မြို့ကို ဆက်သွယ်ထားတဲ့ နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ ဒေသခံတော်လှန်ရေးတပ်တွေက…

    Read More »
  • ဆိပ်ဖြူမြို့အနီး တိုက်ပွဲတွေမှာ စစ်အုပ်စု ၁၉ ယောက် သုတ်သင်နိုင်ပြီး သုံ့ပန်းနဲ့ လက်နက်တွေ ရ၊

    ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးကို စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၂ မကွေးတိုင်း၊ ဆိပ်ဖြူမြို့၊ သံဇလုံရွာ စစ်အုပ်စု ငွေညှစ်ဂိတ်နဲ့ ဆိပ်ဖြူမြို့အနီး သွားလာနေတဲ့ စစ်ကားတန်းကို ဒီဇင်ဘာ ၂၄ရက်နဲ့ ၃၀ရက်တွေက တိုက်ခိုက်ခဲ့ရာ…

    Read More »
  • ပခုက္ကူ ဆိပ်ဖြူမြို့မှာ စစ်ကားတန်းကို တိုက်ခိုက်ရာ စစ်အုပ်စု ၁၆ ယောက် သေပြီး လက်နက် ရှစ်လက် ရ၊

    တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံး၊ ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၁ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒီဇင်ဘာ ၃၀ရက်က စစ်ကားတန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ၁၆ ယောက်ကို သုတ်သင်နိုင်ပြီး လက်နက်…

    Read More »
Back to top button