မန္တလေး
-
မဲထောင်ချောက်ထဲက ရှင်သန်ရေး
Reddy Simon/MFP – ဒီဇင်ဘာ ၁၂ ဈေးချိုတော်မှာ ပြန့်ကျဲသွားခဲ့တဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးစာရွက်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေ့ချင်းပဲသိမ်းဆည်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။ ဈေးသည်တွေကို လက် နက် ကြီးငယ် လွယ်ပြီး ကြိမ်းမောင်းနေတဲ့ စစ်သားတွေဟာရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်ချမ်းအေးသာစံ မြို့လယ်ခေါင်မှာ ဖြစ်သွားတဲ့ ဒီဆန္ဒပြပွဲအတွက် မခံမရပ်ဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဟာ လက်ရှိအချိန်မှာ စစ်အုပ်စု မကြားချင်ဆုံး လှုံ့ဆော်မှုပါ။ ဒါကြောင့် ဒီဇင်ဘာ ၃ ရက်နေ့က ဆန္ဒပြပွဲ ကို စတင်ခဲ့တဲ့ မန္တလေးမြို့က ဒေါက်တာတေဇာဆန်းနဲ့ ဆန္ဒပြလှုပ်ရှားသူ ၁၀ ဦးကို အမှုဖွင့်ခဲ့သလို တိုင်းရဲတပ်ဖွဲ့ကအပူတပြင်း လိုက်ရှာခဲ့ကြပေမယ့် မမိခဲ့ပါဘူး။ ရွေးကောက်ပွဲကိုဆန့်ကျင် သပိတ်မှောက်ကြဖို့ သတင်းစကားကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တနိုင်ငံလုံး အသံတိတ်သပိတ်အဖြစ်ပုံဖော်နိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတစ်ဝှမ်း အခြေအနေတွေမှာ အထက်မြန်မာပြည်ရဲ့ ဝင်ပေါက် မန္တလေးမြို့ဟာ တခြားမြို့တွေနဲ့ မတူတဲ့ စစ်တပ်ရဲ့ ဖိအားပေးမှု အများဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ (၁) တော်လှန်ရေးတပ်များနှင့် အနီးဆုံးမြို့(၂) တိုက်ပွဲများနှင့် အနီးဆုံးမြို့ (၃) စစ်ဘေးရှောင်ပြည်သူ အများဆုံးမြို့။ ဒီအခင်းအကျင်း သုံးခုနဲ့ မန္တလေးမြို့ဟာ စစ်အုပ်စုအတွက် သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ထိန်းချုပ်နိုင်စွမ်းကို ပြသဖို့ “ပြခန်း” တစ်ခုသဖွယ်ပါပဲ။ ဒီ “ပြခန်း” မှာ ရွေးကောက်ပွဲဇာတ်ထုတ် ကပြချိန် လူမဝင် မစည်ကား ခဲ့ရင် အင်မတန် အရှက်ရဖွယ်ဖြစ်လာမှာကို စစ်အုပ်စုက တွက်ချက်ထားပြီး ဖြစ်ပါတယ်။ အရပ်သားအစိုးရရဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကို မန္တလေးတိုင်းဒေသကြီးရဲ့ မြို့နယ် ၂၈ မြို့နယ်မှာ တစ်ရက်တည်း ကျင်းပခဲ့ရာမဲရုံပေါင်း ၅,၄၄၇ ခုရှိပြီး မဲပေးသူပေါင်း ၃ သန်း ၈ သိန်းနဲ့ ၈၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစာရင်းရဲ့ တစ်ဝက်ကိုတောင် လိုက်မီဖို့ မဖြစ်နိုင်တာ ကိန်းဂဏန်းတွေက သက်သေပါပဲ။…
Read More » -
သပိတ်ကျင်းနယ် စစ်ရှောင်တွေ ခိုလှုံနေတဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်၊
ထင်လင်း/MFP၊ ဒီဇင်ဘာ – ၁၂ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ရွှေစကာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေထိုင်ရာ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေကို စစ်အုပ်စုက ဒီဇင်ဘာ ၁၁ ရက် ညပိုင်းမှာ ဆူဆိုက်ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် ထိခိုက်ပျက်စီးမှုတွေ…
Read More »







