မကွေးသတင်း

လူငါးဦးသတ်ပြီး အိမ်အလုံး ၄၀ ကျော် မီးရှို့သွားတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ လိုက်လံတိုက်ခိုက်ရာ အသေအပျောက်များ

MFP ၊ ဇွန် – ၂၄

ပခုက္ကူအခြေစိုက် တပ်မ(၁၀၁)ကနေထွက်လာပြီး ကျေးရွာတွေကိုမွှေနှောက်နေတဲ့ အင်အားလေးရာကျော်ပါ စစ်အုပ်စုစစ်ကြောင်းကို ပခုက္ကူမြို့နယ်အတွင်းကနေ မြိုင်မြို့နယ်အထိ လိုက်လံတိုက်ခိုက်ခဲ့တဲ့အကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်လာပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မြိုင်မြို့နယ် ၊ ကိုင်းတောမကျေးရွာအရောက်မှာ အထိနာပြီး တွင်းမရွာ ပျူစောထီးစခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က တပ်မှူးတွေအပါအဝင် (၅၀) ထက်မနည်း သေဆုံးနိုင်တယ်လို့လည်း တော်လှန်ရေးတပ်ဘက်က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ ခဲယမ်းအများအပြားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ၊ ယာဉ်ယန္တရားတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူတွေကိုသယ်ဖို့ တွင်းမရွာပျူစခန်းကို ဆင်းသက်လာတဲ့ Mi 17 ရဟတ်ယာဉ်တစ်စီးကိုလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ သူတို့ချီတက်ရာလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေက အိမ်ခြေ (၄၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မသန်စွမ်းအမျိုးသား ၁ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ( ၅ )ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

စစ်အုပ်စုထံက သိမ်းဆည်းရမိတဲ့ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေ / ဓာတ်ပုံ – Magway – PDF

Related Articles

Back to top button