မန္တလေးသတင်းအညာမြေ တော်လှန်ရေး

ရွှေဘို ကျောက်မြောင်းနဲ့ စဉ့်ကူး – မိုးကုတ်ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား ဖျက်ဆီးခံရ၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၂၉

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ကနေ မန္တလေးတိုင်း စဉ့်ကူးနဲ့ မိုးကုတ်မြို့တွေဆီ ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်တဲ့ ရတနာသိင်္ခတံတား (ကျောက်မြောင်း) အောက်တိုဘာ ၂၉ရက် ဒီမနက်ပိုင်း ဖျက်ဆီးခံရတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

တံတားကို ဘယ်သူက ဘာကြောင့် ဖျက်ဆီးတယ်ဆိုတာကိုတော့ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

အဲ့ဒီ ကျောက်မြောင်း – စဉ့်ကူး တံတားထိပ်မှာ စစ်အုပ်စုက အထိုင်ချ တပ်ဆွဲ နေရာယူပြီး ပိတ်ဆို့ ထားတာကြောင့် တံတားကို အများပြည်သူ အသုံးပြုသွားလာခွင့်မရတာ နှစ်နဲ့ချီ ကြာနေပြီလို့ စဉ့်ကူး ဒေသခံတွေက ပြောပါတယ်။

တံတားထိပ် မန္တလေးတိုင်းဘက်ခြမ်း စဉ့်ကူးမြို့ကို ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားပြီး စစ်ကိုင်းတိုင်းဘက်ခြမ်း ကျောက်မြောင်းမြို့မှာတော့ စစ်အုပ်စုက ခံစစ်ပြင်ထားတာ ဖြစ်ပါတယ်။

ရတနာသိင်္ခတံတားကို အသုံးပြုခွင့်မရတာကြောင့် ဒေသခံတွေက ဧရာဝတီမြစ်ရိုး ကျေးရွာတချို့မှာ ယာယီ ကူးတို့ဆိပ်တွေ လုပ်ကာ ဇက်တွေ၊ ရေယာဉ်တွေနဲ့ မြစ်ကူးနေကြရပြီး စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လတွေအတွင်း အဲ့ဒီ ဒေသခံပြည်သူတွေ အသုံးပြုနေတဲ့ ယာယီ ကူးတို့ဆိပ်၊ မြစ်ဆိပ်နေရာတွေကို အကြိမ်ကြိမ် ဗုံးကြဲသတ်ဖြတ်၊ ဖျက်ဆီးခဲ့ပါတယ်။

ဓာတ်ပုံ – စစ်အုပ်စု

Related Articles

Back to top button