မန္တလေးသတင်းအညာမြေ တော်လှန်ရေး

နွားထိုးကြီး တိုက်ပွဲ စစ်အုပ်စု အသေအပျောက် များပြီး လက်နက်ခဲယမ်းတွေ ရရှိ၊

ဒေါ်လာ/MFP၊ ဇန်နဝါရီ – ၈

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းအထိုင်ချ တပ်စွဲနေရာယူထားတဲ့ စစ်အုပ်စုကို စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေအပျောက် များပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းက သတင်း ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂ရက် ညနေပိုင်းက နွားထိုးကြီးမြို့နယ်၊ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းထဲ စီးနင်းအထိုင်ချ တပ်စွဲနေတဲ့ စစ်အုပ်စုကို မြင်းခြံခရိုင် အမှတ် ၂တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၄-၁၀)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၉၉၂၄ တပ်ဖွဲ့နဲ့ မြင်းခြံခရိုင် ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲချိန် နှစ်နာရီ ကြာမြင့်ခဲ့ပြီး စစ်အုပ်စု အသေအပျောက် များကာ ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၂တပ်ရင်း က ဖော်ပြပါတယ်။

ယခုရက်ပိုင်း နွားထိုးကြီး အပါအဝင် မြင်းခြံနယ်ထဲ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်အုပ်စုကလည်း ဒေသတွင်း ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

နွားထိုးကြီးနယ် တိုက်ပွဲအတွင်း သိမ်းဆည်း ရရှိတဲ့ ခဲယမ်းတွေ/Photo – မြင်းခြံခရိုင် တပ်ရင်း ၂

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button