စစ်ကိုင်းသတင်း

မုံရွာ-မန္တလေးလမ်းပေါ်က စစ်််အုပ်စုတပ် ငွေတောင်းကြမ်းနေတဲ့ ကံတလူတိုးဂိတ်ကို တော်လှန်ရေးအင်အားစု တိုက်ခိုက်သိမ်းပိုက်ခဲ့၊

နွေဦး/MFP၊ ဇန်နဝါရီ – ၁၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အထွက်က မုံရွာ-မန္တလေးလမ်းမပေါ်က စစ်အုပ်စုတပ်စွဲကာ ခရီးသည်တွေကို တောင်းကြမ်းနေတဲ့ စစ်ကိုင်းကံတလူတိုးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဇန်နဝ်ရီလ ၁၅ ရက်ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ Sagaing PDFက ဒီနေ့ထုတ်ပြန်ပါတယ်။

ပြည်သူလူထုကို နေ့စဉ်ဒုက္ခပေးနေတဲ့ ကံတလူတိုးဂိတ်ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ် စီးနင်းရာမှာ စစ်အုပ်စုတပ်သားတွေဟာ အထိအခိုက်များတာ​ြကောင့် စစ်ကိုင်းမြို့ဘက်ကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်သိမ်းပိုက်ထားစဉ်မှာ စစ်အုပ်စုကင်းစင်သွားတဲ့ ကံတလူတိုးဂိတ်အတွင်းက စစ်အုပ်စုတပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

အဲဒီတိုက်ပွဲမှာ Sagaing PDFက စစ်သည်ရဲမေတွေ ပါဝင်ခဲ့ပြီး SAGAING PDF (စစ်ကိုင်းစစ်ကြောင်း)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့နဲ့ စစ်ကိုင်းမြို့နယ်ပကဖတို့က ပူးပေါင်းပါဝင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်ထဲမှာပဲ SAGAING PDF အနေနဲ့ မိုးကုတ်-မိုးမိတ်ဒေသတွေမှာ Operation- 677 စစ်ဆင်ရေးဖော်ဆောင်ကာ အမျိုးသားညီ‌ညွှတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံတပ်တွေနဲ့ အတူတကွ ပူးတွဲတိုက်ပွဲ၀င်နေတယ်လို့ ထုတ်ပြန်ချက်ကတဆင့် အသိပေးထားပါတယ်။

ဓာတ်ပုံ – Sagaing PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button