သတင်း
မင်းအောင်လှိုင် ဆေးရုံတက် ခွဲစိပ်နေရတယ်လို့ စစ်အုပ်စု ထုတ်ပြန်၊

ဒေါ်လာ/MFP၊ မတ် – ၂၃
အာဏာသိမ်း စစ်ခေါင်းဆောင် အသက် ၇၀ အရွယ် မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်လို့ ဆေးရုံတက် ခွဲစိပ်နေရတယ်လို့ စစ်အုပ်စုက မတ်လ ၂၃ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
နေမကောင်းတဲ့ မင်းအောင်လှိုင်ကို မတ်လ ၂၀ ရက်က နေပြည်တော် အမှတ် ၂ ခုတင် ၁၀၀၀ ဆံ့ စစ်ဆေးရုံမှာ အိန္ဒိယက ပါရဂူတွေနဲ့ စစ်အုပ်စု ဆရာဝန်တွေက အချိန် နှစ်နာရီကြာ ခွဲစိပ်ကုသပေးခဲ့ပြီး ခွဲစိပ်မှု အောင်မြင်တယ်လို့လည်း ဆိုပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၁ ဖေဖေါ်ဝါရီမှာ အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ နိုင်ငံတဝန်းက အရပ်သားပြည်သူတွေကို နေ့စဉ်နဲ့အမျှ ဖမ်းဆီး၊ သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မန္တလေး #မင်းအောင်လှိုင်



