ဆောင်းပါး

  • ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ အညာ ရွာတွေကို စစ်အုပ်စု အငြိုးတကြီး မီးလောင်တိုက်သွင်းနေသလား

    ရေးသူ – မယ်ကြည်ညို (MFP)၊ ဆောင်းပါး နွေနေပူပူ ကျိုးတို့ကျဲတဲ ဇီးပင်တစ်ပင်ရဲ့အောက်မှာ လူကြီးလေးငါးယောက်၊ လူလတ်ပိုင်းလေးငါးယောက်နဲ့ ကလေးသုံးလေးယောက်တို့ အစုလိုက် ရှိနေပါတယ်။ နေပြောက်ထိုးနေတဲ့ တာလပတ်အခင်းအပေါ်မှာ အသက်၇၀ ဝန်းကျင် အဖိုးအိုတစ်ဦး လဲလှောင်းနေပါတယ်။ နောက်ထပ်အဖိုးအိုကတော့…

    Read More »
  • စစ်အုပ်စုရဲ့ ကကြိုးအသစ်၊ လူထုအတွက် ဇာတ်ညွှန်းအဟောင်း 

    ရေးသူ – မင်းမြတ်၊  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လွှတ်တော်မှာ သမ္မတလောင်းအဖြစ် နာမည်စာရင်း တင်သွင်းတဲ့ နေ့မှာပဲ စစ်တပ်ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲတွေ ပေါ်ပေါက်လာပါတယ်။  ဒါဟာ မြန်မာစစ်တပ်ရဲ့ နောက်ဆုံး ၁၅နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ် မြင်တွေ့ရတဲ့ ခေါင်းဆောင်ပိုင်း…

    Read More »
  • အသက်တွေ ခင်းပြီးလျှောက်တဲ့လမ်း

    ရေးသူ – ဝင်းသိန်း ဒီမိုကရေစီစနစ်တစ်ခုမှာ ရွေးကောက်ပွဲဆိုတာ နိုင်ငံသားတွေရဲ့ ဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရတဲ့ ပန်းတိုင်တစ်ခု ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ် မြန်မာနိုင်ငံ အထူးသဖြင့် အညာဒေသမှာတော့ ရွေး ကောက်ပွဲဆိုတဲ့ စကားလုံးဟာ မျှော်လင့်…

    Read More »
  • ရွေးကောက်ပွဲအပြီး ဥပဒေပေါင်း၂၀ နှင့် မင်းအောင်လှိုင်၏ အာဏာတည်ဆောက်မှုလမ်းကြောင်း

    Reddy Simon၊MFP/မတ် − ၂၉ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပပြီးနောက် အစိုးရအဖွဲ့ဝင်တွေမခန့်ရသေးခင်နဲ့ လွှတ်တော်မခေါ်ခင်အတွင်းမှာပဲအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အာဏာကိုသုံးပြီး ဥပဒေတွေကို ဆက်တိုက် ပြင်ဆင်တာတွေ၊ အသစ်ထုတ်တာတွေ ပြုလုပ်ခဲ့ရာ စုစုပေါင်း ဥပဒေ ၂၀ ရှိပါတယ်။…

    Read More »
  • ကြောက်မဲနဲ့တည်တဲ့ လွှတ်တော်

    ဖိုးချို၊ ဂျီဂျီ/ (ဆောင်းပါးရှည်) မနက်ခင်း အလင်းရောင် ကောင်းကောင်းမဖြာနိုင်သေးခင်အချိန် မန္တလေးမြို့၊ အမရပူရမြို့နယ်ထဲက ရပ်ကွက်လေးတစ်ခုမှာ အသက်အရွယ်အစုံ အမျိုးသား၊ အမျိုးသမီးတွေ အိမ်တွေထဲကနေ ထွက်လာကြပါတယ်။ တချို့ကတော့ ကလေးငယ်တချို့ကို လက်ဆွဲလို့။ ပြီးတော့ အိမ်နီးချင်းတွေနဲ့ အိမ်ရှေ့က…

    Read More »
  • John Perkins မှသည် ကျောက်ဖြူအထိ-စီးပွားရေးလူသတ်သမားများ၏ ခေတ်သစ်ကစားကွက်

    ရေးသားသူ -သစ်ပင် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်က John Perkins အမည်ရှိ အမျိုးသားတစ်ဦးသည် ကမ္ဘာကြီးကို တုန်လှုပ်စေမည့် ဝန်ခံချက်တစ်ခု ပြုလုပ်ခဲ့သည်။ သူသည် စစ်သားတစ်ဦးမဟုတ်သော်လည်း နိုင်ငံများကို ဖျက်ဆီးခဲ့သူဖြစ်ပြီး၊ သေနတ်တစ်လက်မှ မဖောက်ဘဲ အချုပ်အခြာအာဏာများကို သိမ်းပိုက်ခဲ့သူဖြစ်သည်။…

    Read More »
  • စစ်အုပ်စုရဲ့မရဏတောင်ကြား (သို့မဟုတ်)ချင်းပြည်မြောက်ပိုင်းထိုးစစ်

    ရွှေဥ/MFP၊ မတ်လ ၁၁ (သတင်းဆောင်းပါး) ပြီးခဲ့တဲ့နှစ် ဧပြီလနေ ဒီကနေ့အထိ ချင်းတော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဖလမ်းမြို့ကို စစ်အုပ်စုတပ်တွေက အင်အားထောင်ချီပို့ပြီး အပြင်းအထန် ထိုးစစ်ဆင်နေပါတယ်။ ဖလမ်းမြို့ပြန်ရရေးအတွက် စစ်အုပ်စုဘက်က အသည်းအသန် ကြိုးပမ်းနေပြီး…

    Read More »
  • မဲတစ်ရုံအတွက်ဘဝများစွာ

    ဆားလင်းကြီးက ရယ်စရာဇာတ်လမ်းကို အနီးကပ်ကြည့်သောအခါ သုထက်၊ ဂျီဂျီ/ တရုတ်ရဲ့မျက်နှာရဖို့ အကြံအဖန်ရွေးကောက်ပွဲဇာတ်လမ်းတစ်ပုဒ် စစ်အုပ်စုကပုံဖော်ခဲ့တဲ့အကြောင်းပါ။ နိုင်ငံကျော်ကြေးနီနယ်မြေ ဆားလင်းကြီးမှာ တစ်ခုတည်းသောမဲရုံတစ်ရုံထောင်ဖို့ စစ်အုပ်စုက လပေါင်း များစွာ အင်အားသုံး အစီအမံချမှတ်ခဲ့ပြီး ဒီစစ်ဆင်ရေးကြောင့် ဒေသခံပေါင်းထောင်သောင်းနဲ့ချီဟာ ဒုက္ခနဲ့ကြုံခဲ့ရပါတယ်။ ဇန်နဝါရီ…

    Read More »
  • ကာလဝိပတ္တိသင့်ကြသူများ (သို့မဟုတ်)

    လေယာဉ်နဲ့ လိုက်လံဗုံးကြဲခံရလို့ ပြေးစရာမြေမရှိတော့တဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထင်လင်း(MFP)၊ ရုပ်သံဆောင်းပါး အညာဒေသ တောကြိုအုံကြား၊ ချောင်းကြိုချပ်ကြားမှာ ပလစ်စတစ်မိုးကာ မိုးပြီး နေထိုင်ကြရတဲ့ မိသားစုတစ်စု။ အဲ့ဒီ မိသားစု အားလုံးက ညှိုးလျော်ဖျော့တော့နေကြပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်တွေ အပြည့်။…

    Read More »
  • “စစ်လက်နက်ကပြောသောသတင်းစကား” မကွေးတိုင်း၏ကပစဖြတ်တောက်ရေးဆော်ဩချက်

    စစ်အုပ်စု၏ လက်နက်စက်ရုံ ကပစ (၄) ခု လျှပ်စစ်ပြတ်တောက်နေပြီးနောက် နိုင်ငံတစ်ဝန်းရှိ ကပစစက်ရုံများကို ဖြတ်တောက်ရေး မကွေးတိုင်းတော်လှန်ရေးတပ်ဖွဲ့တွေ က ဆော်ဩနေပါတယ်။ အီသာရမ် /MFP၊ ဇန်နဝါရီ – ၁၀ နှစ်သစ်ပထမပတ်အတွင်းမှာပဲ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတစ်ဝန်းကို နှုတ်ခွန်းဆက်နေပါတယ်။ဇန်နဝါရီလ (၇) ရက်နေ့က ချောင်းဦးမြို့နယ်မှာ ဂျိုင်ရိုကော်ပတာနဲ့ ပေါင် ၁၀၀ ဗုံးသီးကြဲချရာ ကံကောင်းလို့ မပေါက်ကွဲခဲ့ဘဲလူသေဆုံးမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီဗုံးသီးရဲ့ ထုတ်လုပ်ရက်စွဲက နှစ်ပတ်ခန့်ပဲ ရှိသေးတဲ့ စက်ရုံထုတ် အသစ်စက်စက်ဖြစ်တာကြောင့် တော်လှန်ရေးအဖွဲ့တွေက “ကပစ” တွေ အလုပ်များနေပြီလို့ ယူဆစရာ ရှိလာပါတယ်။ “ကျွန်တော်တို့ဘက်တွေမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် ထားပါတော့ ၂၀၂၅ ခုနှစ်လပိုင်းမှာ တိုက်ပွဲဖြစ်တယ်ဆိုရင် သူတို့ထောက်ပံ့တဲ့ လေကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲပြီးလို့ ကျည်ဆန်ခွံတွေပဲ ကြည့်လိုက်၊ ၂၀၂၅ ခုနှစ်လပိုင်းကျည်တွေနဲ့ဆိုတော့ ကျွန်တော်တို့သုံးသပ်မိတာက ဒီကောင်တွေမှာလည်း နှင်းကြမ်းထုတ်နေရတဲ့ ပုံစံမျိုးပေါ့ လက်နက်ခဲယမ်းတွေကို။ သူတို့ရဲ့ ထုတ်လုပ်မှုကိုရပ်တန့်နိုင်ရင် သူတို့ရဲ့ Firing Power (ပစ်ခတ်မှုအား) လျော့ကျလာမယ်” လို့ မကွေးဒေသ က တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်းMFP ကို ပြောပါတယ်။ မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ဒီအခြေအနေမှာ ကပစ စက်ရုံတွေကို ဖြတ်တောက်ရေးအင်တိုက်အားတိုက် လုပ်ဆောင်ဖို့ သူက ယခုလို ဆော်ဩပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ ပေါက်မြို့နယ်၊ မြိုင်၊ ပခုက္ကူနဲ့ ဂန့်ဂေါမြို့နယ် တပ်ဖွဲ့တွေဟာ ၎င်းတို့နယ်မြေတွေမှာရှိတဲ့ ကပစစက်ရုံ လေးရုံရဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီးနောက် ဒီစက်ရုံတွေမှာ လုပ်ငန်းမလည်ပတ်နိုင်တော့ဘူးလို့ MFP ကို ပြောပါတယ်။ ၂၀၂၅ဒီဇင်ဘာ ၂၈ ခုနှစ်မှာ ကပစ ၂၁ ၊ ကပစ ၂၂ နှင့် ကပစ ၂၄ တို့ကို သွယ်တန်းထားတဲ့ မီတိုင်း ၁၀၀ ကျော်ကို ဖောက်ခွဲရှင်းလင်းလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါသေးတယ်။  မကွေးတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ဒေသတွင်းက ဒီလက်နက်စက်ရုံတွေကိုတိုက်ခိုက်ဖို့၊ လက်နက်ကြီးနဲ့ ပစ်ဖို့ ဖြတ်တောက်ရေး နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ကြပါတယ်။ ၂၀၂၄ ဧပြီလနဲ့ ဇူလိုင်လတွေမှာကပစ (၂၄) နဲ့ (၂၁) တို့ကို အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာအတွင်းမှာလည်း မကွေးတိုင်းအတွင်းက ကပစ ဓာတ်အားပေးတိုင်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးလာပြီး ပြန်လည်ပြင်ဆင်ခဲ့ပါသေးတယ်။ လက်ရှိမှာ မကွေးတိုင်းအတွင်းက နာမည်ကျော် ကပစ (၂၁)၊ (၂၂) အပြင် နာမည်ကျော် ကပစ ဖြစ်တဲ့ (၂၄) နဲ့အတူ (၂၅) ကိုလျှပ်စစ်မီး ဖြတ်တောက်ထားနိုင်တာကြောင့် သုံးနှစ်အတွင်း အထိရောက်ဆုံး တိုက်ခိုက်မှုလို့ ယူဆနိုင်ပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) တစ်ခုတွင် စစ်ဆေးနေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် (ပုံဟောင်း)…

    Read More »
Back to top button