
MN/MFP ၊ မေ – ၂
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုးရှိ ဆင်ချောင်းကျေးရွာကို မေလ ၁ရက်မှာ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ စီးနင်းပြီးနောက် မင်္ဂလာပွဲကို ဖျက်ဆီးကာ ဧည့်ခံကျွေးမွေးဖို့ ချက်ပြုထားတဲ့ ထမင်း၊ဟင်းတွေ လုယက်စားသောက်သလို တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းခိုးယူပြီးနောက် ရွာကို နေ့ရောညပါ မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“မင်္ဂလာဆောင်က ချက်ထားတဲ့ ဝက်သားအချိန်၁၀၀ကျော်လည်း အကုန်စားပြီး မင်္ဂလာမဏ္ဌာပ်နဲ့ ရွာလည်း မီးရှို့၊ မင်္ဂလာဆောင်က ဆောင်းဘောက်တွေအပြင် ပြည်သူတွေရဲ့ ပစ္စည်းတွေပါ ခိုးယူ သယ်သွားကြ” တယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။
မြင်းခြံနယ် မြစ်ရိုးတလျှောက်ရှိ ကျေးရွာတွေကို မေလ ၁ ရက် မနက်ပိုင်းမှာ စစ်အုပ်စုက ရွာစဉ်ပတ်မွှေလို့ ဆင်ချောင်းရွာက မင်္ဂလာဆောင်ပွဲ ပျက်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရသလို စစ်အုပ်စုနဲ့ တိုးမိပြီး ဖမ်းဆီးခံထားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Photo – ကိုနွေဦး (မြောင်)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP #မြင်းခြံ #မန္တလေး



