မကွေး
-
မကွေးကနေ ချင်းတောင်ပိုင်း ကန်ပက်လက်မြို့ကို ဦးတည်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်ကြောင်းတချို့ ပြန်ဆုတ်၊စစ်အုပ်စုက ကန်ပက်လက်မြို့ကို အဆက်မပြတ်ဗုံးကြဲနေပြီး တိုက်ပွဲအတွင်း CPA တပ်စိပ်မှူးတစ်ဦးကျဆုံး
ဒံယေလ/MFP၊ မေ-၂၆ မကွေးတိုင်း ၊ဆောမြို့နယ်ကနေ ချင်းပြည်တောင်ပိုင်း၊ကန်ပက်လက်မြို့ကို အင်အားအလုံးအရင်းနဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း တိုက်ခိုက်ခံရပြီးတော့ စစ်ကြောင်းတချို့ ပြန်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ကာ…
Read More » -
တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စုဝင် တစ်ယောက်သေပြီး အများအပြားဒဏ်ရာရ၊အဲဒီစစ်ကြောင်းက မြိုင်နယ် ကျေးရွာတွေနဲ့ စစ်ရှောင်တဲတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်
အီသာရမ်/MFP၊ မေ- ၂၆ မကွေးတိုင်း၊ မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ကျေးရွာတွေက နေအိမ်တွေအပြင် တောတိုက်တွေထဲက စစ်ရှောင်တဲတွေကိုပါ မီးရှို့ဖျက်ဆီးမွှေနှောက်နေပြီး အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စုဝင် တစ်ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့ တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက…
Read More » -
မြိုင်နယ် သရက်ကန်ပျူစောထီးစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီးလေးဦးသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး၊စခန်းသိမ်းနေစဉ် စစ်အုပ်စု ဗုံးပတ်ကြဲတာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်
အီသာရမ်/MFP၊ မေ- ၂၅ မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်းက သရက်ကန်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်သိမ်းပိုက်ချိန်မှာ ပျူစောထီးလေးဦးသေဆုံးသွားပြီး တော်လှန်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦးကျဆုံးကာ စစ်အုပ်စုလေကြောင်းက ဗုံးကြဲတာကြောင့် ပြည်သူတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက MFP ကို ပြောပါတယ်။…
Read More » -
မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက် ၁၇ လက်ရ၊
စစ်အုပ်စုက ငါးနှစ်ကြာ ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၄၀ ကျော် ကယ်ထုတ်နိုင်၊ အီသာရမ်/MFP၊ မေ- ၂၅ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ စစ်အုပ်စုနဲ့ ပျူစောထီးတွေ အခိုင်အမာ နေရာယူ…
Read More » -
မကွေးအနောက်ခြမ်းကို စစ်အုပ်စုက ရိက္ခာဖြတ်တာ ၁၀ ရက် ရှိလာပြီး ဒေသတွင်း ပြတ်လပ်မှု စကြုံ၊
ပခုက္ကူမြို့ကို ကုန်ကားတွေပင် အဝင်မခံတော့၊ လှိုင်း/MFP၊ မေ – ၂၄ မကွေးတိုင်း၊ ဧရာဝတီမြစ်ကမ်းနဖူးရှိ ပခုက္ကူမြို့ကနေ တော်လှန်ရေး အားကောင်းရာ ဒေသတွေဆီ စားသောက်ကုန်နဲ့ လူသုံးကုန်တွေကို သယ်ယူခွင့်မပြုဘဲ အာဏာသိမ်း စစ်အုပ်စုက ပိတ်ဆို့ ဖြတ်တောက်…
Read More » -
မတူပီမြို့မှာ စစ်အုပ်စုက ဗုံးကြဲသတ်လို့ မွေးကင်းစ လေးရက်သား ကလေးငယ် သေဆုံး၊
မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် အပါအဝင် ချင်းပြည်တောင်ပိုင်းနဲ့ ချင်း-မကွေးအစပ် မြို့၊ရွာတွေကို စစ်အုပ်စု ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေ၊ ဒေါ်လာ/MFP၊ မေ- ၂၄ ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့ရှိ ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ အာဏာသိမ်း စစ်အုပ်စုက…
Read More » -
ချင်းနဲ့ မကွေးအစပ်ကို စစ်အုပ်စု အင်အား ၈၀၀ ထပ်ဖြည့်လို့ စုစုပေါင်း ၁၅၀၀ ကျော် ရှိလာ၊
ပေါက် – တပြင်း – ကျောက်ထုလမ်းပိုင်းမှာ တိုက်ပွဲ ပြင်းထန်နေ၊ လှိုင်း/MFP၊ မေ – ၂၃ မကွေးတိုင်းနဲ့ ချင်းပြည်အစပ်ရှိ၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ကို အာဏာသိမ်း စစ်အုပ်စုက နောက်ထပ် အင်အား ၈၀၀…
Read More » -
မကွေးနဲ့ ချင်းပြည်အစပ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ဆောနယ်ကနေ ရှေ့ဆက်မတိုးသေး၊
ဆောနယ်၊ တပြင်းရွာကို ဆက်လက် စီးနင်းထားကာ ဒေသခံတွေကို ဖမ်းဆီး သတ်ဖြတ်နေ၊ လှိုင်း/MFP ၊ မေ – ၂၀ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ချင်းပြည်နဲ့ ထိစပ်နေတဲ့ ဆောမြို့နယ်ထဲ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးတဲ့…
Read More » -
ပုဂံမြို့အနီး မြစ်ခြေမှာ စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့နေလို့ ကျေးရွာ ၃၇ ရွာ ထွက်ပြေးနေရ၊
စားသောက်နေထိုင်ရေး အရေးပေါ် အကူအညီတွေ လိုအပ်နေ၊ ဝင်းသိန်း/MFP၊ မေ -၁၉ မန္တလေးတိုင်း၊ ပုဂံ -ညောင်ဦးမြို့အနီး၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊…
Read More »
