သတင်း

  • ကလေးမြို့မှာ ပျူစောထီးအဖွဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး လက်လွန်သေဆုံး၊

    ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စု လက်အောက်ခံပျူစောထီးလက်နက်ကိုင်တွေ ဖမ်းဆီးနှိပ်စက်ရာမှာ သွေးထွက်လွန်သေဆုံးခဲ့တယ်လို့  ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပျုစောထီးတွေလက်ချက်နဲ့ သေဆုံးခဲ့သူကတော့…

    Read More »
  • ငလျင်ကြီးကဖွင့်ဟခဲ့သည့် ဆောက်လုပ်ရေးလောက ကမောက်ကမ

    ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၁၇ အောက်ခြေမရှိတော့သည့် တိုက်တာများ၊ ပုံပုံလဲပြိုနေသည့် အဆောက်အအုံ၊ ကျိုးပြတ်သွားသည့် တံတား၊ မြေလွှာအက်ကွဲပြီးမြေကြီးရွေ့လျားသွားသည့် ဒေသ၊ ထက်ပိုင်းပြတ်သွားသည့် ဘုရားစေတီ၊ ခေါင်းမရှိတော့သည့် ရုပ်ပွားတော်…. ဒါတွေအားလုံးဟာ မန္တလေးငလျင်ကြီး လှုပ်ခတ်နေချိန် မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်ပျက်သွားခဲ့သလို ငလျင်ကြီးလှုပ်ခတ်ပြီး (၉) လနီးပါးကြာမြင့်သည့် ကာလတိုင်အောင် မြင်တွေ့နေရသည့် မြင်ကွင်းတွေပါ။ မတ်လ ၂၈ ရက် မန္တလေးငလျင်ကြောင့် ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၄,၃၁၇ ကျောင်း၊ ဘုရားစေတီ ၆,၀၂၇ ဆူ၊ဆေးရုံ/ဆေးခန်း ၃၅၀ ခု၊ စာသင်ကျောင်း ၂,၅၁၄ ကျောင်း၊ ရထားလမ်း ၃၈ ခု၊ လမ်း ၂၆၉ ခု၊ အမြန်လမ်း (လမ်းပိုင်း) ၂၀၃ခု၊ ဆည်/တမံ ၅၈၆ ခု၊ တံတား ၁၇၀ စင်းနှင့် နေအိမ်/အဆောက်အအုံ ၆၅,၀၉၆ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စု၏သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။ “ကျွန်တော်တို့က ပေါ့ပေါ့တန်တန်ပဲ ငလျင်နဲ့ပတ်သက်ပြီးတော့ လျှော့တွက်တဲ့အခါမှာ ၇ ရစ်ခ်တာစကေးနဲ့ ဆောက်တော့အဆောက်အအုံတွေ ပြိုကျခဲ့တာ သွားတွေ့ပါတယ်။ ဒီလိုပဲ နေပြည်‌တော်မှာ ဆောက်တဲ့ အဆောက်အအုံတွေ ကံကောင်းလို့ ဒီဟိုတယ် (မင်္ဂလာသီရိဟိုတယ်) ကျန်တာပါ။ တော်တော်များများ ပျက်ပါတယ်။ ခန်းမတွေ ဘယ်မှာမှ မရှိပါဘူး။ ရှားရှားပါးပါးဒီတစ်ခုပဲ ရတယ်။ ဆိုတော့ ဒီလိုမျိုး အင်ဂျင်နီယာဘက်က လျှော့ပြီးစဉ်းစားတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲဆိုရင်ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ ဖြစ်ပါတယ်” လို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသူစီစဉ်ပြီး လုပ်ခိုင်းသည့် ငလျင်‌ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲမှာ သူ့လက်အောက်ခံများကို ထောက်ပြပြောဆိုခဲ့ပါတယ်။ မန္တလေးငလျင်ကြောင့် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှုဟာ အရင်ဖြစ်ဖူးခဲ့သည့် သဘာဝဘေးများမှာ ဆုံးရှုံးခဲ့တာထက် နှစ်ဆနီးပါးရှိသလို၊ လူနေအိမ်မဟုတ်သည့် အခြေခံအဆောက်အအုံ၊ အစိုးရဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအဆောက်အအုံတွေလည်းထိခိုက်ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်ဘီလီယံ ၃၆၂၉.၂၈၈ ရှိတယ်လို့ စစ်အုပ်စုအဖွဲ့ဝင်များက ပြောပါတယ်။ ကမ္ဘာ့ဘဏ်၏ လေ့လာဆန်းစစ်ချက်အရမူ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံခန့် ဆုံးရှုံးတယ်လို့ သိရပါတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးမှုတန်ဖိုးက တော်တော်ကို ကြီးကြီးမားမား ရှိနေတာကို တွေ့ရပါတယ်။ ဒီနေရာမှာလည်းပျက်စီးဆုံးရှုံးမှုတန်ဖိုးက economic damage ရဲ့ တန်ဖိုးကိုပဲ indicate လုပ်ပြီး ဖော်ပြထားနိုင်တဲ့ အနေအထားဖြစ်ပြီးတော့ဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တို့နိုင်ငံမှာ စီးပွားရေးအရ ဆုံးရှုံးမှု losses ကို ထည့်သွင်းတွက်ချက်ဖို့ လိုတာအများကြီး တွေ့ရပါတယ်။ ဒီဟာတွေကို ပြန်တည်ဆောက်မယ်ဆိုရင် နိုင်ငံတကာ အတွေ့အကြုံအရ တည်‌ဆောက်ရမယ့်တန်ဖိုးက အနည်းဆုံး နှစ်ဆ၊ သုံးဆလောက်အထိ ကုန်မယ့်အနေအထား ဖြစ်တဲ့အခါကျတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အနေအထားနဲ့ ပြန်လည်တည်‌ဆောက်ရေးကို အများကြီး အားစိုက်လုပ်ရမယ်” လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောပါတယ်။ မန္တလေးငလျင်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းမှာ အများဆုံး ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာ ပြိုလဲပျက်စီးသည့် အထပ်မြင့်လူနေအိမ်၊ အဆောက်အအုံ အများစုမှာဆိုရင် Building Code (မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာစံချိန်စံညွှန်း လမ်းညွှန်ချက်များ) အရ တည်ဆောက်တာ မရှိကြသလို Building Code အရ တည်ဆောက်ထားခဲ့လျှင်တောင်မှသေသေချာချာ စစ်ဆေးကြပ်မတ်သည့် အဖွဲ့အစည်း မရှိဘူးလို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။ “Permit တင်တုန်းက ငါးထပ်ပဲ ဖြစ်ချင်ဖြစ်မယ်။ အဲ့ဒါပြီးတော့မှ တစ်ထပ်၊ နှစ်ထပ် တင်လိုက်တာတို့ ဘာတို့ဆိုတော့ မူလဆောက်ထားတဲ့ဟာက အစကတည်းက ရှစ်ထပ်ကို ရည်ရွယ်ပြီး ဒီဇိုင်းလုပ်ထားပြီးမှ ငါးထပ်နဲ့ တင်တယ်ဆိုရင် ပြဿနာ သိပ်မရှိဘူး‌ပေါ့။ ဒါပေမဲ့ တင်တုန်းကတည်းက ငါးထပ်ပဲ တင်ထားတယ်။ ဆောက်တဲ့အချိန်ကျမှ ရှစ်ထပ်တို့ ဘာတို့ ဖြစ်သွားတယ်ဆိုရင် မလိုလားအပ်တဲ့ဟာမျိုးတွေ တွေ့ရတာပေါ့။ အများစု ပြိုလဲသွားတဲ့ဟာတွေမှာ ကျွန်တော့်အမြင်က အဲ့ဒါမျိုးပဲ မြင်ပါတယ်” လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးစောထွေး‌ဇော်က ပြောပါတယ်။ အဆောက်အအုံတစ်ခု ဆောက်လုပ်မယ်ဆိုလျှင် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာဌာနထံ တင်ပြတောင်းခံရတာပါ။ အထပ်မြင့်အတွက် ဆောက်လုပ်ခွင့်တောင်းခံရာမှာ အချိန်ကြန့်ကြာတတ်တာကြောင့် အဆောက်အအုံ ဆောက်လုပ်သူဘက်ကလည်းဆောက်လုပ်မည့် အထပ်အရေအတွက်ကို လျှော့ချပြီး ဆောက်လုပ်ခွင့် တောင်းခံကြတာဖြစ်တယ်လို့ ဆောက်လုပ်ရေးနယ်ပယ်က သိရပါတယ်။ အဆိုပါ ခွင့်ပြုမိန့်များအပြင် တည်ဆောက်ရေးလုပ်ငန်းခွင်များတွင် အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများကလည်းအရည်အသွေးနှင့် စံချိန်စံညွှန်း မပြည့်မီတာ၊ အရည်အသွေးမီ ပစ္စည်းကို ဝယ်ယူချင်သော်လည်း ဈေးကွက်ထဲမှာ မရှိတာ၊ ရှိလျှင်လည်း အလွယ်တကူ ဝယ်ယူလို့မရတာတွေက အခက်အခဲ ဖြစ်နေပါတယ်။ ပြည်တွင်းဖြစ် ပစ္စည်းများက စံချိန်စံညွှန်း မပြည့်မီသလို နိုင်ငံခြားက တင်သွင်းလာသည့် ပစ္စည်းများကိုလည်း အရည်အသွေး စစ်ဆေးမှု မရှိတာတွေကလည်းဆောက်လုပ်ရေးနယ်ပယ်မှာ လုပ်ချင်သလိုလုပ်ဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ “Material (ဆောက်လုပ်ရေးပစ္စည်း) တွေရဲ့ Standard (အရည်အသွေးနဲ့ စံချိန်စံညွှန်း) မမှန်မှုကြောင့် ကျွန်တော်တို့ဆီမှာ မလိုအပ်ဘဲနဲ့ Cost (ကုန်ကျစရိတ်) တွေက အလဟဿ Waste (ဖြုန်းတီးတာ) တွေ ဖြစ်တာ အများကြီးပါ” လို့ ဦးစောထွေး‌ဇော်က ဆက်လက်ပြောဆိုပါတယ်။ ငလျင်ကြောင့် ထိခိုက်ခဲ့သည်များကို ပြန်လည်ထူထောင်ရေး လုပ်ကြမယ်ဆိုလျှင် ငလျင်အလွန်ကာလ ဆောက်လုပ်ရေးကဏ္ဍမှာ ပြောင်းလဲရမှာတွေ အများကြီး ရှိနေပါတယ်။ ဆောက်လုပ်ရေးနယ်ပယ်ဟု ဆိုလိုက်လျှင် ကန်ထရိုက်တာ၊ Developer၊Designer၊ အင်ဂျင်နီယာနှင့် လုပ်သားများကိုသာ ပြေးမြင်တတ်ကြသော်လည်း တကယ်တမ်းတွင် အုတ်၊ သဲ၊ ကျောက်၊ဘိလပ်မြေ ထုတ်လုပ်ဖြန့်ချိရေး၊ အိမ်အလှဆင်လုပ်ငန်း၊ လျှပ်စစ်၊ သံနှင့် သံမဏိ၊ အိမ်မိုးသွပ်၊ ဂျပ်ဆင်ဘုတ်နှင့် ဆေးလုပ်ငန်း စသည့် ဆက်စပ်လုပ်ငန်းများစွာ ပါဝင်နေတာပါ။…

    Read More »
  • ဝက်လက်နယ်မှာ မြေပြင်စစ်ကြောင်းနှစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ စစ်ရှောင်နေရ၊

    MN/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ကျေးရွာတွေကို ဒီဇင်ဘာ ၂၆ ရက်ကစပြီး စစ်အုပ်စုတပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး စီးနင်းလုယက်နေတာကြောင့် သောင်းနဲ့ချီတဲ့…

    Read More »
  • YawLand Opperation အတွင်း ဂန့်ဂေါနယ်က စစ်အုပ်စုပျူစောထီးစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊

    အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃၀ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စစ်အုပ်စုပျူစောထီးစခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို ပျူစောထီးတွေရဲ့ ကျေးရွာအထိုင်စခန်းနှစ်ခုကိုလည်း သိမ်းပိုက်ထားနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က MFP ကို ဒီနေ့ပြောပါတယ်။ စစ်အုပ်စုတပ်လက်အောက်ခံ ပျူစောထီးစခန်းတွေကို YawLand Opperation…

    Read More »
  • ဘုတလင်တိုက်ပွဲမှာ KLG PDF တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး၊

    ကိုသူ/MFP ၊ ဒီဇင်ဘာ-၃၀ စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီဇင်ဘာ ၂၈ ရက်က စစ်အုပ်တပ်စခန်းတွေအနီးမှာ စစ်အုပ်စုနဲ့တော်လှန်ရေးအင်အားစုတွေဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်ခွဲမှူးအပါအဝင် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကျဆုံးရဲဘော်တွေဟာ ကနီမြို့နယ်အခြေစိုက် ကျောက်လုံးကြီး(KLG…

    Read More »
  • ဘုတလင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုက ပြည်သူ အမျိုးသမီး နှစ်ဦးကို သတ်ဖြတ်၊

    စစ်အုပ်စုက လူသတ်၊ ဖမ်းဆီး၊ ဗုံးကြဲနေလို့ ကျေးရွာ ၁၅ရွာ ထွက်ပြေးနေကြရ၊ သုထက်၊ MN/MFP၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊…

    Read More »
  • ပေါက်နယ်က ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးပြီးနောက် ပြည်သူငါးဦးကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့၊

    အီသာရမ်/MFP ၊ ဒီဇင်ဘာ-၃၀ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေက ဒီဇင်ဘာလ ၂၉ ရက်မှာ ကျေးရွာတွေကို ဝင်ရောက်စီးနင်ပြီးနောက် ဒေသခံငါးဦးကို ဖမ်းဆီးကာနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။ ကပစ-၂၄…

    Read More »
  • ကသာမြို့သိမ်းတိုက်ပွဲဆက်ပြင်းထန်နေပြီးစစ်အုပ်စုတပ်လေကြောင်းကနေဗုံးကြဲနေ၊ပြည်သူတချို့ရှောင်တိမ်းနေရ၊

    နွေဦး/MFP ၊ ဒီဇင်ဘာ – ၃၀ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကသာမြို့နယ်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ တွေ ဒီဇင်ဘာလ ၃၀ ရက်ဒီနေ့အထိ ဆက်ပြင်းထန်နေပြီး လေကြောင်းကနေလည်း ဗုံးဆက်တိုက်ကြဲနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကသာမြို့ပြင်က…

    Read More »
  • ချောင်းဦး ကျီကုန်းရွာကို တစ်လကြာ စီးနင်းတဲ့ စစ်အုပ်စုက အိမ်ခြေ ၂၂၀ မီးရှို့ဖျက်ဆီး၊

    အဘိဝံသ ဘွဲ့တော်ရ ဆရာတော် အပါအဝင် ငါးဦးကို သတ်ကာ ရွာလုံးကျွတ် ဖောက်ထွင်းခိုးယူ၊ ရွာထဲ မြေမြှပ်မိုင်း၊ နင်းမိုင်းတွေ ထောင်ခဲ့လို့ ပြည်သူတွေ ရွာထဲ မပြန်နိုင်သေး သုထက်/MFP၊ ဒီဇင်ဘာ – ၂၉ စစ်ကိုင်းတိုင်း…

    Read More »
  • မတ္တရာမှာ စပါးရိတ်လိုတဲ့ တောင်သူတွေကို စစ်အုပ်စုက ငွေညှစ်၊ ရွာဝင်ကြေးတောင်း၊

    စစ်ဘေးရှောင်ပြီး ရွာထဲပြန်ဝင်တဲ့ ပြည်သူတွေကို မသင်္ကာမူနဲ့ ဖမ်းဆီးကာ ညှဉ်းပန်း၊ သတ်ဖြတ်၊ ပေါ်တာဆွဲ၊ အဓမ္မကျင့်နေ၊ ထင်လင်း/MFP၊ ဒီဇင်ဘာ – ၂၉ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲ စစ်အုပ်စုက မြေပြင်စစ်ကြောင်းထိုးကာ ကျေးရွာတွေအပေါ် လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့…

    Read More »
Back to top button