သတင်း
-
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ဖမ်းဆီးထားတဲ့ အကျဉ်းသား ၁၀၀ ကျော်ကို နှစ်သစ်မှာ NUG လွတ်ငြိမ်းခွင့်ပေး၊
နန်းယု/MFP၊ ဇန်နဝါရီ – ၁ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ အကျဉ်းသား ၁၁၀ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းကို NUGသမ္မတရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။…
Read More » -
မန္တလေး – သပိတ်ကျင်း – မိုးကုတ် ကားလမ်းပိုင်း စစ်အုပ်စု ပြန်ထိန်းချုပ်၊
ထင်လင်း/MFP၊ ဇန်နဝါရီ – ၁ မန္တလေးမြို့ကနေ မိုးကုတ်နဲ့ သပိတ်ကျင်းမြို့တွေဆီ ဆက်သွယ်ထားတဲ့ မန္တလေး – မတ္တရာ – စဉ့်ကူး – သပိတ်ကျင်း – မိုးကုတ် ကားလမ်းပိုင်းကို အာဏာသိမ်း စစ်အုပ်စုက…
Read More » -
တိုက်ပွဲပြင်းထန်နေတဲ့ ဘုတလင်မြို့ကို စစ်အုပ်စုတပ် အဝင်အထွက်ပိတ်ထားတာကြောင့် မြို့ခံတွေပိတ်မိ၊တိုက်ပွဲအတွင်း စစ်အုပ်စု ၁၅ ဦးထက်မနည်းသေဆုံးကာ တော်လှန်ရေး ရဲဘော် ခြောက်ဦးကျဆုံး၊
MN/MFP ၊ ဒီဇင်ဘာ – ၃၁ အတုအယောင် ရွေးကောက်ပွဲပြုလုပ်နေတဲ့ ဒီဇင်ဘာ ၂၈ ရက်က ဘုတလင်မြို့ပေါ်က စစ်အုပ်စု ရွေးကောက်ပွဲလုပ်ဖို့စီစဉ်ထားတဲ့နေရာအပါဝင် အထိုင်စခန်း လေးခုကို တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၅…
Read More » -
ငလျင်အပြီး ရုန်းကန်နေရဆဲကလေးတို့ ပညာရေး
ဂျီဂျီ/MFP၊ ဒီဇင်ဘာ ၃၁ အခြေခံပညာမူလတန်းကျောင်းလို့ ဆိုင်းဘုတ်တပ်ထားတဲ့ ခြံဝင်းအတွင်း ပေ ၂၀ × ပေ ၃၀ ခန့် အကျယ်အဝန်းရှိ အဆောင်တစ်ခုမှာ စာသင်သံ၊ စာအံသံတွေနဲ့ ဆူညံပွက်လောရိုက်လို့နေပါတယ်။ Hall type (ခန်းမကျယ်) ပုံစံစာသင်ဆောင်ကိုမှ အတန်းတစ်တန်းနဲ့တစ်တန်းကို နံရံနဲ့ အခန်းဖွဲ့တည်ဆောက်တာမဟုတ်ဘဲ ခုံကလေးနဲ့သာ ခြားထားတာကြောင့်လည်း အသံတွေက ပိုပြီးလုံးထွေးနေပါတော့တယ်။ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသားဦးရေ ၉၀ ကနေ ၄၀၀ နီးပါးရှိပါတယ်။ ကျောင်းဖွင့်ရက်တွေမှာ အဲ့ဒီကျောင်းသားရာကျော်ရဲ့ အသံတွေကို လွှမ်းခြုံနိုင်အောင် အော်ဟစ်သင်ရတဲ့ ဆရာ၊ ဆရာမတွေဟာလည်းသောကြာညနေလိုမျိုးမှာ အသံတွေဝင်ပြီး ပြာနေကြပါပြီ။ “ ရင်နာစရာကောင်းတယ်။ ငါတို့နိုင်ငံမှာ စာသင်နေရတာ။ ရှိတဲ့အဆောင်လေးတွေမှာ ကလေးတွေ (ပြွတ်သိပ်) ညပ်ပြီး ပုံထပ်နေတာပဲ” လို့ ငလျင်ဒဏ်သင့်စာသင်ကျောင်းတွေနဲ့ပတ်သက်ပြီး စိတ်ဝင်တကား လေ့လာ ကူညီနေတဲ့ မန္တလေးမြို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ စာသင်ဆောင် မပြည့်စုံလို့ နေရာထိုင်ခင်း ကြပ်ကြပ်ညပ်ညပ်၊ ဆရာမစာသင်သံနဲ့ ကလေးတွေ စာအံသံ ရောရောထွေးထွေး၊အဲဒီလိုမြင်ကွင်းဟာ ဝေးလံခေါင်ဖျားပြီး အစွန်အဖျားဒေသတွေမဟုတ်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ အနီးဝန်းကျင်ဒေသတွေမှာပဲ တွေ့မြင်နိုင်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ စာသင်ဆောင်တွေလိုအပ်နေတာဟာ ၂၀၂၅ ခုနှစ် ငလျင်ကြီးမတိုင်မီကတည်းကပါ။ အဲဒီလိုအပ်မှုတွေဟာ ငလျင်ကြီးအပြီးမှာတော့ ပိုပြီး မြင်သာထင်သာရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မတ်လ ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ဘေးသင့်ဒေသရှိ စာသင်ကျောင်းပေါင်း ၂,၅၁၄ ကျောင်း ပျက်စီးခဲ့ရတယ်လို့ စစ်အုပ်စုထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဘယ်ဒေသက ဘယ်လိုပျက်စီးတယ်ဆိုတဲ့ အသေးစိတ်စာရင်း မသိရှိရပေမဲ့ ငလျင်ဗဟိုချက်အနီးမှာရှိတဲ့ အမရပူရ၊ အင်းဝ၊ တံတားဦး၊ စဉ့်ကိုင်နဲ့ ပလိပ်ဒေသမှာ စာသင်ကျောင်းတချို့ ပြိုကျ၊ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စာသင်ဆောင်နှစ်ခုရှိတဲ့အနက် တစ်ခုက လုံးဝပြိုကျသွားတာ၊ တစ်ခုက တစ်ခြမ်းစောင်းသွားတာ၊ နံရံတွေ အက်ကွဲသွားတာ၊မျက်နှာကျက်ပြိုကျတာ၊ မြင့်မိုရ်ပြိုကျတာ၊ ကျောင်းအုတ်တံတိုင်းတွေ ပြိုကျတာ စတဲ့ ပုံစံမျိုးစုံပျက်စီးနေတာပါ။ ဒီလိုပျက်စီးနေတာတွေကို ပြုပြင်ဖို့အတွက် ပြင်ဆင်ခွင့်ကို သက်ဆိုင်ရာကျောင်းအုပ်တွေက ဌာနတွင်း အဆင့်ဆင့် စာတင်ထားပေမဲ့ စာသင်နှစ်တစ်နှစ် ပြီးဆုံးတော့မယ့် လက်ရှိအချိန်အထိ ကျမလာသေးဘူးလို့ ကျောင်းအခြေအနေကို သိရှိသူတစ်ဦးက MFP ကို ပြောပါတယ်။ ထိခိုက်၊ ပျက်စီးခဲ့တဲ့ စာသင်ကျောင်းတွေအနက် အထက်တန်းကျောင်းတွေဆိုရင် အပြိုအပျက်တွေကို စစ်အုပ်စုလက်အောက်ခံတွေက ရှင်းလင်းပေးကြပါတယ်။ လုံးဝပြိုကျသွားတဲ့ ကျောင်းအတွက်လည်း စစ်အုပ်စုက ဖျက်သိမ်းစရိတ်ကျပ်သိန်း (၃၀) ပေးထားတယ်လို့ စုံစမ်းသိရပါတယ်။ မြို့ပေါ်မှာရှိတဲ့ စာသင်ကျောင်းတွေဆိုရင်လည်း ရှင်းလင်း၊ ပြင်ဆင်၊ ကူညီပေးတဲ့ အဖွဲ့အစည်းတွေများပေမဲ့ မြို့နဲ့မလှမ်းမကမ်းက မူလတန်းကျောင်းလေးတွေကတော့ အကူအညီရရှိတာ နည်းပါးကြပါတယ်။ ငလျင်ကြီး လှုပ်ပြီး နှစ်လကျော်အကြာ ကျောင်းဖွင့်ရာသီမှာတော့ အခြေခံပညာကျောင်းအားလုံးကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့တယ်လို့ စစ်အုပ်စုက သြဂုတ်လမှာ သတင်းထုတ်ပြန်ပါတယ်။ ထိခိုက်၊ ပျက်စီး ကျောင်းဆောင်တွေကို ပြုပြင်ပြီးစီးတာမဟုတ်ဘဲ အချိန်နှစ်ချိန်ခွဲပြီး နှစ်သုတ်တက်စနစ်နဲ့ သင်ကြားဖို့ စစ်အုပ်စုက စီစဉ်ထားတာဖြစ်ပါတယ်။ စစ်အုပ်စုအမိန့်အရ မဖြစ်မနေ ဖွင့်လှစ်ခဲ့ရတဲ့ ငလျင်ဘေးသင့် စာသင်ကျောင်းတွေဟာ မပြုပြင်နိုင်သေးတဲ့ ထိခိုက်၊ ပျက်စီးမှုတွေကြောင့် အဆင်ပြေရာနည်းလမ်းကိုသုံးခဲ့ရပါတယ်။ ကျောင်းဝင်းအတွင်း မပြုပြင်ရသေးတဲ့ ကျောင်းဆောင်တွေအနီးသစ်ပင်ရိပ်အောက်မှာ စာသင်ခုံကလေးတွေချပြီး ပညာသင်ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရှိသလို ကျောင်းဝင်းအတွင်းနေရာလွတ်မရှိတဲ့ တချို့ကျောင်းတွေက ရပ်ရွာခန်းမမှာ၊ တချို့က ဘုရားပေါ်မှာ ရွှေ့ပြောင်းပြီး ပညာသင်ကြားကြရပါတယ်။ စာသင်ဆောင် (၂) ခုရှိပြီး (၁) ခုက လုံးဝပြိုကျသွားတာကြောင့် ကျောင်းဆောင် (၁) ခုတည်းနဲ့ပဲ ဖြစ်သလို ရပ်တည်နေရတဲ့အမရပူရမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းတစ်ခုကတော့ မနက်ပိုင်း၊ ညနေပိုင်း အချိန်နှစ်ချိန်ခွဲကာ နှစ်သုတ်တက်စနစ်နဲ့ ပညာသင်ယူနေရပါတယ်။ စစ်အုပ်စုအနေနဲ့ ပျက်စီး၊ ထိခိုက်တဲ့ စာသင်ကျောင်းတွေကို အသစ်တည်ဆောက်ပေးတာ၊ ပြုပြင်ပေးတာတွေကို သတင်းထုတ်ပြန်တဲ့အရေအတွက်ကိုတော့ MFP အနေနဲ့ မတွေ့ရှိရသေးပါဘူး။ ယာယီ Prefabricated စာသင်ကျောင်းဆောင် ၂၀ ဖြန့်ခွဲဆောင်ရွက်ပေးထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။…
Read More » -
ကသာမြို့သိမ်းတိုက်ပွဲမှာ စစ်အုပ်စုလေကြောင်း၊ လက်နက်ကြီးနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေ၊
နွေဦး/MFP ၊ ဒီဇင်ဘာ-၃၁ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်မှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး ဒီဇင်ဘာလ ၂၉ ရက်ညကနေ ဒီနေ့မနက်ပိုင်းအထိ မြို့အပြင်ပတ်ပတ်လည်ကို လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်…
Read More » -
အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့ ဗိုလ်ချုပ်ဂွမ်မော်ပြော၊
ရွှေဥ/MFP ၊ ဒီဇင်ဘာ-၃၁ ဒီဇင်ဘာလ ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ ချင်းညီနောင်(Chin Brotherhood) ဖွဲ့စည်းတည်ထောင်တဲ့ နှစ်နှစ်ပြည့်အခမ်းအနားမှာ အတိတ်မှာမစုစည်းနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ယူကာ တဖွဲ့နဲ့တဖွဲ့ နားလည်မှုအပြည့်နဲ့ စုစည်းဖို့လိုကြောင်း ကချင်လွတ်မြောက်ရေးကောင်စီ (KIO ၊KIA)ဒုတိယဥက္ကဌ-…
Read More » -
တောတောင်ထဲ ခိုလှုံနေရတဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းက စစ်ဘေးဒုက္ခသည်တွေ (Photo News)
ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးတိုင်း၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ထဲ စစ်အုပ်စုက စစ်ကြောင်းထိုး၊ ဗုံးကြဲနေလို့ သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရကာ တောတောင်ထဲ ခိုလှုံနေကြရပါတယ်။ တော်လှန်ရေးတပ်တွေ တစ်နှစ်ကျော်ကြာ…
Read More » -
မန္တလေးမြို့ ရွေးကောက်ပွဲ ထပ်လုပ်မယ့် ရပ်ကွက်တွေမှာ မဲစာရင်းကြည့်ဖို့ စစ်အုပ်စု လိုက်အော်၊
လမ်းသွားလမ်းလာတွေကို စစ်အုပ်စုက ငွေညှစ်ရာမှာ မဲစာရင်းကြည့်၊မကြည့်ကိုပါ စစ်ဆေးငွေညှစ်နေ၊ ဖိုးချို/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးမြို့ရှိ ရွေးကောက်ပွဲ မလုပ်ရသေးတဲ့ မြို့နယ်တွေမှာ မကြာခင်ရက်ပိုင်း ရွေးကောက်ပွဲ ထပ် လုပ်မှာမို့ အိမ်တိုင်းက မဖြစ်မနေ မဲစာရင်းစစ်ဆေးကြည့်ရှု့ဖို့…
Read More » -
စဉ့်ကူးနဲ့ သပိတ်ကျင်းအစပ် ချောင်းကြီးရွာ စစ်အုပ်စု ပြန်ရသွား၊
မန္တလေး-မိုးကုတ် ကားလမ်းပိုင်းတစ်ခုလုံးနီးပါးကို စစ်အုပ်စု ပြန်ထိမ်းချုပ်၊ ထင်လင်း/MFP၊ ဒီဇင်ဘာ – ၃၁ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အစပ်ရှိ ချောင်းကြီးကျေးရွာတွေကို ဒီဇင်ဘာ ၃၀ရက်မှာ စစ်အုပ်စုက ပြန်လည် သိမ်းပိုက်ထိန်းချုပ်သွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP…
Read More » -
ကလေးမြို့မှာ ပျူစောထီးအဖွဲ့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားတစ်ဦး လက်လွန်သေဆုံး၊
ရွှေဥ/MFP ၊ ဒီဇင်ဘာ – ၃၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အောင်ဇေယျရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို ဒီဇင်ဘာ ၂၈ ရက်မှာ စစ်အုပ်စု လက်အောက်ခံပျူစောထီးလက်နက်ကိုင်တွေ ဖမ်းဆီးနှိပ်စက်ရာမှာ သွေးထွက်လွန်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပျုစောထီးတွေလက်ချက်နဲ့ သေဆုံးခဲ့သူကတော့…
Read More »