သတင်း
-
ဆိပ်ဖြူနယ်ကို ကပစ-၂၂ ကနေ စက်တပ်လေထီးနဲ့ နေ့စဉ် စစ်အုပ်စုဗုံးကြဲနေ၊
အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၈ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ စစ်အုပ်စုတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၂)ကနေ စက်တပ်လေထီးနဲ့ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့ ဒီနေ့နေ့လယ်ပိုင်းကလည်း…
Read More » -
ပုဂံ-ညောင်ဦးနယ်ဒေသကို စစ်အုပ်စုစစ်ကြောင်းနှစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံငါးထောင်ခန့် စစ်ဘေးရှောင်နေရ၊
အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၈ မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦးဒေသကို ဇန်နဝါရီလ ၂၇ ရက်နေ့က စစ်အုပ်စုနဲ့ပျူစောထီးပူးပေါင်းထားတဲ့ စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်ကာ နေအိမ်တွေကို မိးရှို့ဖျက်ဆီးပြီးဒေသခံပြည်သူ ငါးထောင်ခန့်စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။ တောင်ဇင်းရဲစခန်းက စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်း…
Read More » -
မော်လိုက်မှာ စစ်အုပ်စုလက်ကျန်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ လနဲ့ချီအကြာ ရိက္ခာဖြတ်တောက်ထားဟုဆို၊
ကိုသူ/MFP ၊ ဇန်နဝါရီ-၂၈ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုစခန်းတွေကို သိမ်းခိုက်သိမ်းပိုက်ကာ လက်ကျန်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ကာ လနဲ့ချီအကြာရိက္ခာဖြတ်တောက်ထားတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းက မော်လိုက်မြို့နယ်အတွင်းက…
Read More » -
မြိုင်နဲ့ပခုက္ကူနယ်အစပ်က ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်းထိုးကာ စစ်ရှောင်တဲတချို့ကို မီးရှို့ဖျက်ဆီး၊စစ်ကြောင်းတွေကြောင့် ဒေသခံသုံးထောင်ကျော်လည်း စစ်ဘေးရှောင် ထွက်ပြေးနေရ၊
အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၈ မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူနယ်အစပ်က ရွာတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ပခုက္ကူတပ်မ -၁၀၁ ကနေထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူ သုံးထောင်ကျော် စစ်ဘေးရှောင်ထွက်ပြေးနေကြရပြီး…
Read More » -
မင်းအောင်လှိုင် တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုတွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်၊
MN/MFP ၊ ဇန်နဝါရီ – ၂၇ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရောက်ရှိနေတဲ့ မန္တလေးမြို နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် – လပခ ကို ဇန်နဝါရီ ၂၇ ရက် ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ…
Read More » -
ဝက်လက်မှာ နှစ်လအတွင်း စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်နဲ့ကလေးငယ်တွေအပါအဝင် အရပ်သား သုံးဆယ်ကျော်သေဆုံး၊
MN/MFP ၊ ဇန်နဝါရီ – ၂၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ ၂၀၂၅ခုနှစ် ဒီဇင်ဘာလကနေ ဇန်နဝါရီ ၂၇ ရက်အထိ နှစ်လအတွင်းမှာ စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် သံဃာတော်နှစ်ပါးနဲ့ ကလေးငယ်တွေအပါဝင် စုစုပေါင်းဒေသခံ…
Read More » -
ဆားလင်းကြီးနယ်က စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်အုပ်စုလေးဦးသေဆုံး၊
ဆောင်းနွေဦး/MFP၊ ဇန်နဝါရီ – ၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာ အင်အားတစ်ရာကျော်နဲ့ အထိုင်ချတပ်စွဲထားတု့ စစ်အုပ်စုတပ်ကို ဇန်နဝါရီလ ၂၅ ရက်က တိုက်ခိုက်ရာမှာ စစ်အုပ်စုတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။…
Read More » -
ဝက်လက်နယ်မှာ စပါးပွဲစားတစ်ဦး ကျပ်သိန်း ၆၀၀နဲ့အတူ ဓားပြတိုက်သတ်ဖြတ်ခံရ၊
MN/MFP ၊ ဇန်နဝါရီ – ၂၆ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အနောက်ခြမ်းမှာ စပါးပွဲစားလုပ်ကိုင်နေတဲ့ အမျိုးသားတစ်ဦး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က ငွေကျပ်သိန်း ၆၀၀နဲ့အတူ ဓားပြတိုက်လုယက်သတ်ဖြတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP…
Read More » -
မင်းလှမှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ စစ်အုပ်စုလေးဦးသေဆုံး၊
အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၆ မကွေးတိုင်း၊ သရက်ခရိုင် မင်းလှမြို့နယ်မှာ ဇန်နဝါရီလ ၂၆ ရက် ဒီနေ့နေ့လယ်ပိုင်းမှာ စစ်အုပ်စုတပ်နဲ့တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ပြီး အထိနာသွားတာကြောင့် ကျေးရွာတွေကို မွှေနှောက်သောင်းကျန်းနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)က သတင်းထုတ်ပြန်ပါတယ်။ မင်းလှမြို့နယ်…
Read More » -
မိုးကုတ်မှာ ကျောက်ဆေးသမား ငါးဆယ်ခန့်ကို စစ်အုပ်စုတပ် ထပ်မံဖမ်းဆီး၊
မှူးအိန်ဂျယ်လ်/MFP၊ ဇန်နဝါရီ – ၂၆ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အကျဉ်းထောင်အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်းမှာ ကျောက်(ခနဲ)ဆေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အရပ်သားကျောက်ဆေးသမား ၅၀ ခန့်ကို ဇန်နဝါရီ ၂၆ ရက်ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စုတပ်တွေက ဝင်ရောက်ဖမ်းဆီးကာ လုပ်ငန်းသုံးစက်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားတယ်လို့…
Read More »